Posts

Showing posts from 2020

ကပ်ပချီနိုဟမ်ဘာဂါ တစ်ခုပေးပါ (Биг Маг с капучином)

  ကပ်ပချီနိုဟမ်ဘာဂါ တစ်ခုပေးပါ ( Биг Маг с капучином )      ကျွန်ုပ် ရုရှားနိုင်ငံသို့ စရောက်ကာစ ပထမဆုံးအကြိမ် McDonald ဆိုင်တွင် စားစရာမှာစဉ်က ဖြစ်သည်။ ကိုယ်တိုင်စားဖို့မဟုတ်ပဲ အသိတစ်ယောက်မှ လမ်းကြုံသဖြင့် ဟမ်ဘာဂါ လူကြုံမှာလိုက်ရာ သူမှာလိုက်သော စားစရာမှာ ဟမ်ဘာဂါအကြီးတစ်လုံး( Big Mac )တစ်မျိုးတည်း ဖြစ်သည်။ ထိုသို့မှာစဉ် ကျွန်ုပ်သည် တစ်ခုခုအလွဲအချော် ဖြစ်မည့်စိုးသဖြင့် သေချာမေးမြန်းခဲ့ရာ အမဲသားညှပ်ထားသော ဟမ်ဘာဂါအကြီး( Big Mac )ဖြစ်ကြောင်း သေချာစွာမှတ်သားထားလိုက်သည်။ ဆိုင်ရှေ့ရောက်သောအခါ ပါဆယ်မှာသော ဘေးပေါက်မှနေ၍ “မင်္ဂလာပါ ဟမ်ဘာဂါအကြီးတစ်လုံး အမဲသားနဲ့ပေးပါ” “ Здравствуйте! Дай мне пожалуйста Биг Маг с говядиной ” ဟူ၍မှာလိုက်သည်။ ထိုအခါ ငွေရှင်းကောင်တာတာဝန်ကျက “ မင်္ဂလာပါ နောက်ထပ်ဘာထပ်မှာဦးမလဲ ဆော့စ်တို့ အာလူးချောင်းကြော်တို့ရော မှာဦးမလားခင်ဗျာ ” “ Здравствуйте!   Что еще хотите заказать? Соус? Картофель фри? ဟုပြန်မေးရာ မလိုတော့ကြောင်း ပြန်ပြောလိုက်သည်။ သို့နှင့် ၂မိနစ် ၃မိနစ်လောက် စောင့်ပြီးနောက် စက္ကူအိတ် တစ်လုံးနှင့် ကော်ဖီခွက် တစ်ခွက်လာပေးလ...