နေဝင်ညနေ
နေ ၀င် ည နေ
နေဝင်ညနေ
အိပ်မက်လေပြေတွေနဲ့
အပြန်လမ်းက အထီးကျန်လိုက်တာ
လွှဲသူမဲ့ လက်တစုံက
လေဟာနယ်ကို ကိုင်စုပ်ထားသမျှ
လွတ်လပ်မှုနယ်ပယ်မှာ ကျွန်တော်က အကျံူးဝင်နေတယ် ...။
ရုပ်ကြွင်းတခုရဲ့ စကားသံမှာမှ
ပန်းတွေ ကြဲချလိုက်သလား
ညဉ့်ငှက်ရဲ့ ပရိသတ် တစ်ယောက်လို
တိုးတိုးတိတ်တိတ်နဲ့ အားပေးလိုက်တယ်
ကြယ်တွေက ငိုလို့ပေါ့ ...။
(ကျွန်တော်ကတော့ ရပါတယ်)
အဲ့ဒီ မြို့ပြမှာ နေသားကျပါတယ်ဗျာ ...
သူတို့တွေ ပျော်သလိုမျိုးပေါ့
ဂစ်တာတစ်လက်ကိုဆွဲ
သီချင်းတစ်ပုဒ် ဟဲ ရဲမှတော့
သင်းကွဲတစ်ကောင်လည်း
အလင်း အမှောင်ထဲ ခပ်ကဲကဲပါပဲ ...။
သံစဉ်တပိုင်းတစတော့ ပြီးဆုံးသွားတယ်
တိတ်တိတ်လေးပေမယ့်
သီချင်းအဆုံးမှာ အက်ကွဲသံ သဲ့သဲ့
ရင်ဘတ်ထဲမှာ ခပ်ယဲ့ယဲ့ပါပဲ ...။
တကယ်တော့
နေဝင်ညနေဆိုတာ
အနာဂတ် အတွက် ရင်ခုန်ရက်တွေ ပါပဲလေ ...။
ညလင်းအိမ်
အိပ်မက်လေပြေတွေနဲ့
အပြန်လမ်းက အထီးကျန်လိုက်တာ
လွှဲသူမဲ့ လက်တစုံက
လေဟာနယ်ကို ကိုင်စုပ်ထားသမျှ
လွတ်လပ်မှုနယ်ပယ်မှာ ကျွန်တော်က အကျံူးဝင်နေတယ် ...။
ရုပ်ကြွင်းတခုရဲ့ စကားသံမှာမှ
ပန်းတွေ ကြဲချလိုက်သလား
ညဉ့်ငှက်ရဲ့ ပရိသတ် တစ်ယောက်လို
တိုးတိုးတိတ်တိတ်နဲ့ အားပေးလိုက်တယ်
ကြယ်တွေက ငိုလို့ပေါ့ ...။
(ကျွန်တော်ကတော့ ရပါတယ်)
အဲ့ဒီ မြို့ပြမှာ နေသားကျပါတယ်ဗျာ ...
သူတို့တွေ ပျော်သလိုမျိုးပေါ့
ဂစ်တာတစ်လက်ကိုဆွဲ
သီချင်းတစ်ပုဒ် ဟဲ ရဲမှတော့
သင်းကွဲတစ်ကောင်လည်း
အလင်း အမှောင်ထဲ ခပ်ကဲကဲပါပဲ ...။
သံစဉ်တပိုင်းတစတော့ ပြီးဆုံးသွားတယ်
တိတ်တိတ်လေးပေမယ့်
သီချင်းအဆုံးမှာ အက်ကွဲသံ သဲ့သဲ့
ရင်ဘတ်ထဲမှာ ခပ်ယဲ့ယဲ့ပါပဲ ...။
တကယ်တော့
နေဝင်ညနေဆိုတာ
အနာဂတ် အတွက် ရင်ခုန်ရက်တွေ ပါပဲလေ ...။
ညလင်းအိမ်
Comments
Post a Comment