ဘုရားဂုဏ်တော် (၉)ပါး ပါဠိ၊ အဓိပ္ပါယ် (၁) အရဟံ ကိလေသာအပူကင်း၍ ပူဇော်အထူးကိုခံထိုက်သောမြတ်စွာဘုရား။ (၂) သမ္မာသမ္ဗုဒ္ဓေါ သစ္စာလေးပါးမြတ်တရားကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့်ကိုယ်တော်တိုင် သိတော်မူသော မြတ်စွာဘုရား (၃) ၀ိဇ္ဇာစရဏသမ္ပေန္နော အသိဉာဏ် ဝိဇ္ဇာ၊ အကျင့်စရဏနှင့် ပြည့်စုံတော် မူသောမြတ်စွာဘုရား။ (၄) သုဂတော ကောင်းသော စကားကိုသာ ပြောဆိုတော်မူတတ်သော မြတ်စွာဘုရား။ (၅) လောကဝိဒူ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောက လောကသုံးပါးကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား။ (၆) အနုတ္တရောပုရိသဒမ္မသာရထိ မယဉ်ကျေးသေးသော လူ နတ်ဗြဟ္မာ တိရစ္ဆာန်သတ္တဝါတို့ကို တုတ်ဓားမပြ တရားချ၍ ယဉ်ကျေးအောင် ဆုံးမတော်မူနှိုင်သော မြတ်စွာဘုရား။ (၇) သတ္ထာဒေဝမနုဿာနံ လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။ (၈) ဗုဒ္ဓေါ သစ္စာလေးပါးမြတ်တရားကို ကိုယ်တော်တိုင်လည်းသိ၊ သူတစ်ပါးတို့ကိုလည်း သိအောင်...
Posts
Showing posts from May, 2015
- Get link
- X
- Other Apps
ဗုဒ္ဓဘာသာ ငါးမျိုး by အရှင်ဇောတိသာရ(စဉ့်ကူး) ယနေ့ခေတ်မှာ လူငယ်တွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ ဒီလို အခြေအနေ တွေကိုသိလို့ မြတ်စွာဘုရားက "နောင်အနာဂတ်ကာလမှာ ဗုဒ္ဓဘာသာ ငါးမျိုး ကွဲပြား လိမ့်မယ်" ဟု ဟောတော်မူထားခဲ့ပါတယ်။ အဲဒီဗုဒ္ဓဘာသာ ငါးမျိုးကတော့...... (၁)။ ကုလ ဗုုဒ္ဓဘာသာ (၂)။ လာဘ ဗုဒ္ဓဘာသာ (၃)။ ဘယ ဗုဒ္ဓဘာသာ (၄)။ သဒ္ဓါဓိက ဗုဒ္ဓဘာသာ (၅)။ ပညာဓိက ဗုဒ္ဓဘာသာ (၁)။ ကုလ ဗုဒ္ဓဘာသာ( မိရိုးဖလာဗုဒ္ဓဘာသာ) ကုလ ဗုဒ္ဓဘာသာ ဆိုတာ ရိုးရာ ဗုဒ္ဓဘာသာ ကိုပြောတာပါ။ အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတာပါ။ မိဘက ခရစ်ယာန််ဆုုိရင် သားသမီးကလည်း ခရစ်ယာန်။ မိဘက အစ္စလာမ်ဆိုရင် သားသမီးကလည်း အစ္စလာမ်။ ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။ မိဘက ဗုဒ္ဓဘာသာ မို့သာ သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတယ် ဘုရားရှင် ဘာလို့ ပွင့်မှန်းမသိ။ ဘုရား ဘာတရားဟောမှန်းလည်း မသိ။ ကိုယ်ပြောတဲ့ ဗုဒ္ဓဘာသာဝင်ဆိုတာတောင်မှ ဘာပြောမှန်းမသိ။ ကိုယ်ကိုးကွယ်နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်းလည်းမသိ ။ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရ မှန်းမသိ။ ဘုရားကို ဦးချတာ ...
အမေ (ဝတ္တုတို)
- Get link
- X
- Other Apps
"ရှင့် အဖွားကြီးကို ဘယ်နေ့ပို့မှာလဲ ? " … နံနက် စောစောစီးစီး ဇနီးသည် ဖြစ်သူရဲ့ စိတ်မရှည်သံကို စိတ်မချမ်းမြေ့စွာ ကြားလိုက်ရသည်…။ "ပို့မှာပေါ့ကွာ.. မင်းကလဲ.. ငါ့အမေလောက် မျက်စောင်းထိုးနေတာပဲ " "အို…ထိုးရမှာပဲ… ရှင့်အမေက နေရာတကာပါနေတာကိုး… ကျွန်မ သည်းမခံနိုင်တော့ဘူး.. ရှင့်အမေကို ဒီတစ်ပတ်ထဲ ပို့ရင်ပို့.. မပို့ရင်တော့ ကျွန်မ သားလေးခေါ်ပြီး အမေ့အိမ် သွားနေတော့ မယ်…""ကဲ.. ဒီတစ်ပတ်ထဲ ပို့ရင် ပြီးတာပဲ မှတ်လား.."ပြောပြီး ကျွန်တော် ပြန်လှည့်ထွက်လာခဲ့သည်..။ ကျွန်တော့် မိန်းမ ချို က အမေ့ကို ဘိုးဘွားရိပ်သာ ပို့ရန် ပြောနေခြင်းဖြစ်သည်..။ ချမ်းသာသော မာနကြီးသော ဂုဏ်ဒြပ်အရှိန်အဝါကြီးမားသော အသိုင်းအဝိုင်းမှ ပေါက်ဖွားလာသည့် သူမနှင့် ကျွန်တော် လွန်ခဲ့တဲ့ ၅ နှစ်ခန့်က လက်ထပ်ခဲ့ခြင်းဖြစ်သည်…။ကျွန်တော်တို့ မိသားစုက ဆင်းရဲပါသည်..။ ငယ်စဉ်ကတည်းက အဖေဆုံးပါးသွားသဖြင့် မိခင်ဖြစ်သူက စျေးရောင်းပြီး ကျောင်းထားပေးခဲ့ကာ အမေတစ်ခုသားတစ်ခု ဘဝဖြင့် ရုန်းကန်ခဲ့ရသည်..။ သူမနဲ့ ချစ်သူဖြစ်ရတာ ကျွန်တော့်အတွက်တော့ လုံးဝမမျှော်လင့်ခဲ့တဲ့ ဆုလာဒ် တစ်ခုဖြစ်ခဲ့သည်..။ သူမ မိသားစု အသိုင်းအဝိုင်းတွေ...
နေဝင်ညနေ
- Get link
- X
- Other Apps
နေ ၀င် ည နေ နေဝင်ညနေ အိပ်မက်လေပြေတွေနဲ့ အပြန်လမ်းက အထီးကျန်လိုက်တာ လွှဲသူမဲ့ လက်တစုံက လေဟာနယ်ကို ကိုင်စုပ်ထားသမျှ လွတ်လပ်မှုနယ်ပယ်မှာ ကျွန်တော်က အကျံူးဝင်နေတယ် ...။ ရုပ်ကြွင်းတခုရဲ့ စကားသံမှာမှ ပန်းတွေ ကြဲချလိုက်သလား ညဉ့်ငှက်ရဲ့ ပရိသတ် တစ်ယောက်လို တိုးတိုးတိတ်တိတ်နဲ့ အားပေးလိုက်တယ် ကြယ်တွေက ငိုလို့ပေါ့ ...။ (ကျွန်တော်ကတော့ ရပါတယ်) အဲ့ဒီ မြို့ပြမှာ နေသားကျပါတယ်ဗျာ ... သူတို့တွေ ပျော်သလိုမျိုးပေါ့ ဂစ်တာတစ်လက်ကိုဆွဲ သီချင်းတစ်ပုဒ် ဟဲ ရဲမှတော့ သင်းကွဲတစ်ကောင်လည်း အလင်း အမှောင်ထဲ ခပ်ကဲကဲပါပဲ ...။ သံစဉ်တပိုင်းတစတော့ ပြီးဆုံးသွားတယ် တိတ်တိတ်လေးပေမယ့် သီချင်းအဆုံးမှာ အက်ကွဲသံ သဲ့သဲ့ ရင်ဘတ်ထဲမှာ ခပ်ယဲ့ယဲ့ပါပဲ ...။ တကယ်တော့ နေဝင်ညနေဆိုတာ အနာဂတ် အတွက် ရင်ခုန်ရက်တွေ ပါပဲလေ ...။ ညလင်းအိမ်